လွမ်းပျော်မွေ့ရင်း

သွားမယ်ဆိုရင်တော့ မတားလိုပါ ပြန်မယ့်သူကိုတော့လည်း ဆွဲမထားချင်ပါ ဆောင်းအငွေ့လေးတွေဖြင့် ရှုရှိုက်လို့မှ မ၀သေးခင် ဆောင်းမနက်ခင်းတွေအဖြစ် နိုးထလို့မှ အားမရသေးခင် ဆောင်းလေအေးတွေရယ် ဆောင်းမြူနှင်းတွေရယ်က နွေဦးရဲ့လေရူးကြားမှာ ကွယ်ပျောက်သွားတော့မယ်လား။ နောင်နှစ်ခါ တစ်ကျော့မပြန်ခင်တော့ လွမ်း၍တော့ကျန်ရဦးမယ်။ နှင်းဝေတဲ့ဆောင်းရယ် လွမ်းပျော်မွေ့ရင်း…။ စာကြွင်း။ Inspired by တက္ကသိုလ်ဘုန်းနိုင်…

ညဥ့်လူ

ကောင်းကင် က လမင်းက ငါ့ကို သနားကြည့်ကြည့်တယ်
သူ့ဘေးက ကြယ်တွေက ၀ိုင်းရယ်ကြတယ်
အိပ်မရတဲ့ညတွေတိုင်း ငါ ကြယ်တွေကို ထိုင်ရေနေမိတယ်
ကြာလာတော့ ကြယ်တွေနဲ့တောင် သူငယ်ချင်းဖွဲ့ဖြစ်တယ်
နာမည်တွေတောင် ပေးဖြစ်တယ်
နင့်နာမည်နဲ့ ကြယ်တစ်လုံး ငါဖန်ဆင်းခဲ့တယ်
ငါ့ကမ္ဘာအတွက်တော့
နင်ဟာ ကြယ်တစ်စင်းပေါ့။
(အိပ်မပျော်တဲ့ ညများစွာအတွက်)
Feb 7, 2016

သူမနဲ့အိပ်မက်

ကျွန်မရဲ့ အိပ်မက်တွေထဲမှာ
သူ တစ်စွန်းတစ်စ နဲ့ ပါပါလာတာ အတော် ကြာပေါ့ ။
အခုတော့ မပါမဖြစ်တဲ့အစိတ်အပိုင်း တစ်ခုလို။
ကျွန်မအိပ်မက်တွေကို သူပိုင်စိုးထားပေမယ့်
သူ့အိပ်မက်တွေနဲ့တော့ ကျွန်မက မသက်ဆိုင်ခဲ့ပါ။
သူရဲ့ “သူမ” က ကျွန်မမှ မဟုတ်ပဲလေ။
စိတ်ကူးယဉ်တတ်တဲ့ အရင်းခံ ရှိတာ ကျွန်မအမှားပေါ့။
ဒါပေမဲ့ စိတ်ကူးယဉ်ဖြစ်အောင် ဖန်တီးပေးတတ်တာတွေတော့
သူ့အပြစ်မကင်းဘူးထင်တယ်။
သူ့ရဲ့ အပျော်အပျက် ကတိတွေ အတွက်
ကျွန်မ ဝမ်းနည်းရတာလည်း
နေသားတောင် ကျနေလေရဲ့။
သူမနဲ့ပဲသက်ဆိုင်တဲ့
သူ့ရဲ့ အိပ်မက်တွေ တစ်ပုံကြီးကိုလည်း
ကျွန်မ စေ့စေ့ ရင်မဆိုင်ရဲပြန်ဘူး။
ကိုယ်နဲ့မသက်ဆိုင်သူတစ်ယောက်ကိုချစ်မိတဲ့ ဒုက္ခပေါ့။

သူ့ရဲ့”သူမ” က ကျွန်မမှမဟုတ်ခဲ့တာ…။

My love, my past

There was every reason to be besides him.
There was every reason to spend every moment with him.
There was every reason to nag at him , laugh at him, angry at him..
There was every reason to have fun with him.
There was every reason to fall in love with him but I didn’t need a reason.
I thought we were close, close enough for me not to wish for something else.
I thought I had all I could hope for.
It was when expectations, hope and greed came in.
I hoped for something more.
I was exhausted with expectations.
I was desperate with jealousy.
I would cry just at thoughts of him with another girl.
Just an irritated comment of him would ruin my day.
Just an appearance of him would make my day.
Life was him.
Joy was him.
Everything was him.
Although he was never mine.
When I realized he had been head over toes with his ex,
When I realized that he had a fling with another girl while I was always besides him,
When I realized that he met a new girl worth his love,
My heart was shattered, broken into a million pieces, but I had never been able to piece it back together.
All I could wish for was to move on, to get over all the memories with him as it was just a past.
He was my past, my love, my life.

လွမ်းနေမိခိုက်

လွမ်းနေမိခိုက်တော့
နင်ဟာငါ့ရဲ့လမင်းပေါ့ …။
ကဗျာတွေစာတွေရေးပြီး
လမင်းကိုငေးခဲ့ဖူးတယ်
ဆွေးခဲ့ဖူးတယ်
တစ်ခါတစ်ရံ
တစ်ခါတစ်လေ
တိုက်ဆိုင်မှုတွေရှိတဲ့အချိန်တိုင်း
ပြန်လှန်ကြည့်မိတဲ့ စာမျက်နှာပေါင်းများစွာရယ်
မနည်းပါဘူးဆိုပေမယ့် မများလှတဲ့
နင်နဲ့ အတူရှိခဲ့ဖူးတဲ့နေ့ရက်တွေရယ်… ။
တဖြည်းဖြည်းလွင့်ပြယ်သွားတဲ့မှင်ရောင်တွေလို
တဖြည်းဖြည်းအနည်ထိုင်သွားတဲ့ကော်ဖီတစ်ခွက်လို
ငါ့ရဲ့စိတ်တွေအနည်ထိုင်ပြီဆို
ငါ့ဘ၀ထဲပြန်ဝင်ရောက်လာတတ်တဲ့နင်ဟာ
နွေခေါင်ခေါင်မှာအချိန်မတန်ရွာတဲ့မိုးလို
ငါဟာပြာယာခတ်လို့…။
သေချာတာတော့
ဒီအခိုက်အတန့်မှာ
ငါနင့်ကိုလွမ်းနေမိလေတော့။
Moon
21.20.2015